အပိုင်း ၃ – ငါးဖမ်းလုပ်ငန်းအတွင်းမှ ရွှေ့ပြောင်းလုပ်သားများ ဘဝ

ငါးဖမ်းလုပ်ငန်းအတွင်းမှ ရွှေ့ပြောင်းလုပ်သားများ ဘဝ
AI (NotebookLM)generated podcast

Portrait of a smiling man with short black hair, wearing a colorful patterned shirt against a gray background.
A man with dark curly hair, a beard, and a mustache smiling outdoors wearing a blue shirt and wireless earphones, with a blurred background of trees and buildings reflections on a window.

Fishy Work ၏ တတိယမြောက် အပိုင်းမှ ကြိုဆိုပါသည်။ ယခုအပိုင်းတွင် လူများ ရွှေ့ပြောင်းကြသည့်အခါနှင့် ငြင်းဆန်ကြသည့်အခါတွင် ဘာတွေဖြစ်လာသလဲ ဆိုသည့်အကြောင်းကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ယခုအချိန်အထိ Fishy Work အစီအစဉ်တွင် ရေလုပ်သားများ၏ လုပ်ငန်းခွင်ဘဝ ပိုမိုကောင်းမွန်လာစေရန် စနစ်တကျ ကြိုးပမ်းမှုများ အပါအဝင်၊ ပင်လယ်ပြင်ရှိ အခြေအနေများ အဘယ်ကြောင့် ဤမျှ ဆိုးရွားနိုင်သနည်း ဆိုသည်ကို ပိုမိုကျယ်ပြန့်စွာ ပြောဆိုခဲ့ကြပြီး ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီများ၏ စီးပွားရေးကွန်ရက်များအတွင်းမှ အဓမ္မခိုင်းစေမှုများကို ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် NGO များက ကုမ္ပဏီများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည် ဆိုသည့်အချက်များ အပါအဝင် ငါးထုတ်လုပ်မှုကွင်းဆက် စီမံခန့်ခွဲမှုအကြောင်းကိုလည်း ပြောဆိုခဲ့ကြပါသည်။ သို့သော် ယခုအပိုင်းတွင်မူ ရေလုပ်သားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဗဟိုပြု၍ သူတို့ မည်သို့ ရွှေ့ပြောင်းကြပုံနှင့် အရေးကြီးဆုံးအနေဖြင့် သူတို့၏ ရွှေ့ပြောင်းသွားလာမှုက လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ရှုထောင့်များအရ မည်သို့ အဓိပ္ပာယ်ဆောင်သည် ဆိုသည်တို့ကို လေ့လာသွားလိုပါသည်။

ရွှေ့ပြောင်းရေလုပ်သားများအနေဖြင့် စိန်ခေါ်မှုများနှင့် နေ့စဉ် ရုန်းကန်လှုပ်ရှားရမှုများကို မည်သို့ ကျော်ဖြတ်ကြသည်ကို နားလည်နိုင်စေရန် ကူညီပေးမည့် အလွန်ထူးချွန်သော သုတေသီ နှစ်ဦးကို ကျွန်ုပ်တို့ ကြိုဆိုထားပါသည်။ Andrew Le သည် အရီဇိုးနားပြည်နယ်တက္ကသိုလ် (Arizona State University)၊ T. Denny Sanford School of Social and Family Dynamics မှ လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်ပါသည် (သူ၏ သုတေသန စာတမ်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်)။ Siddharth Chakravarty သည် လန်ဒန်မြို့ Queen Mary တက္ကသိုလ် (Queen Mary University of London) မှ PhD သုတေသီတစ်ဦး ဖြစ်ပါသည် (သူ၏ သုတေသန စာတမ်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်)။

[အပိုင်း ၃ မြန်မာဘာသာပြန်ကို ဤနေရာတွင်ရယူနိုင်ပါသည်။]

 

Cite this episode: Cook, I. M, & Kadfak, A. (Hosts). (2024, August, 19). Being migrants in fishing industry with Andrew Le and Siddharth Chakravarty (No.3) [Audio podcast episode]. In Fishy Work. https://www.justseafood.org/podcast-episode-3

[Transcript of Episode 3 available here]

The Sea as a Space of Liberation

The Perilous Life of Offshore Migrant Fishermen

Reframing the Narrative: Fish Workers as Agents of Change

Indigenous Labor: The Overlooked Backbone of Fishing Industry